စာရေးသူ

အားလုံးမြင်နိုင်ရန်
Sheridan Voysey

ရှရီဒန်ဗွိုင်စေး

ရှရီဒန်ဗွိုင်ဆေး (Sheridan Voysey)သည် စာရေးဆရာ၊ ဟောပြောပို့ချသူနှင့် ယူနိုက်တက်ကင်းဒမ်းနိုင်ငံ အောက်စဖို့ဒ် အခြေစိုက် အသံလွှင့်ဌာနမှ အစီအစဉ်ထုတ်လွှင့်တင်ဆက်သူတစ်ဦး ဖြစ်သည်။ သူသည် The Making of Us: Who We Can Become When Life Doesn’t Go as Planned၊ Resurrection Year: Turning Broken Dreams into New Beginnings၊ Discovery House ပုံနှိပ်တိုက်မှ ထုတ်ဝေသော Resilient: Your Invitation to a Jesus-Shaped Life နှင့် စာပေဆုရ Unseen Footprints စာအုပ်များ အပါအဝင် စာအုပ် (၇) အုပ်ကို ရေးသားခဲ့သည်။ သူသည် BBC Radio 2 ၏ Breakfast Show (လူ ၁၀ သန်း နေ့စဥ်နားထောင်လျက်ရှိသော “နံနက်စာ အစီအစဥ်”) ဖြစ်သည့် Pause for Thought (စိတ်ကူးအတွေးအတွက် ခေတ္တရပ်နားခြင်း) ရေဒီယိုထုတ်လွှင့်မှုအစီအစဉ်တွင် အစီအစဉ်တင်ဆက်သူတစ်ဦး ဖြစ်သည်။ သူသည် အမေရိကန်၊ ယူနိုက်တက်ကင်းဒမ်း နှင့် ဩစတြေးလျနိုင်ငံများ သာမက ကမ္ဘာတစ်ဝန်းရှိ အခြား အသံလွှင့်အစီအစဥ်အစဥ်များတွင် ပုံမှန် ဧည့်သည်တစ်ဦး အနေနှင့်ပါဝင်တင်ဆက်ပြီး ညီလာခံနှင့် အခမ်းအနားများ၌ ပုံမှန် ဟောပြောပို့ချရသူဖြစ်သည်။ ရှရီဒန်သည် blogs နှင့် podcast များကို sheridanvoysey.com ဝဘ်ဆိုဒ်၌ တင်ဆက်လျက်ရှိပြီး၊ Facebook, Twitter နှင့် Instagram တို့တွင် သူနှင့် တွေ့ဆုံနိုင်ဖို့ သူက သင့်ကို ဖိတ်ခေါ်ပါသည်။

စာမူ/ အကြောင်းအရာ များ ရှရီဒန်ဗွိုင်စေး

အမြော်အမြင်ရှိသောဂရုစိုက်မှု

ပိုင်းလော့ဝေလငါး ၅၅ ကောင်ပါရှိသော ငါးအုပ်ကြီးသည် စကော့တလန်ကမ်းခြေတွင် သောင်တင်နေသည့် မြင်ကွင်းက ကြေကွဲဖွယ်ပါ။ စေတနာ့ဝန်ထမ်းများက ကယ်တင်ရန် ကြိုးစားသော်လည်း နောက်ဆုံး၌ ထိုဝေလငါးများသေဆုံးကုန်သည်။ အဘယ်ကြောင့် ဤကဲ့သို့ အုပ်စုလိုက်အမြောက်အများ သောင်တင်ကြကြောင်း မည်သူမှ မသိပါ။ သို့သော် ဖြစ်နိုင်ခြေမှာ အစုအဖွဲ့နှင့်နေထိုင်သော ဝေလငါးတို့၏ ခိုင်မာသောနှောင်ကြိုးကြောင့် တစ်ကောင်ဘေးနှင့်တွေ့သော် ကျန်အကောင်များက အလိုအလျောက်ဂရုပြုမှုဖြင့် လာရောက်ကူညီကြပြီး ၎င်းက သူတို့အတွက် အန္တရာယ်ဖြစ်စေသည်။

သမ္မာကျမ်းစာက အခြားသူများအား ကူညီရန် ပြောသည်။ သို့သော် ကူညီမှုပြုရာ၌ အမြော်အမြင်ရှိရန်လည်း ရှင်းလင်းစွာ ပြောထားပါသည်။ ဥပမာ အပြစ်တရားအောက်ရောက်ရှိနေသူ တစ်စုံတစ်ဦးအား ကယ်တင်ရန် ကူညီပေးချိန်တွင် မိမိ ကိုယ်တိုင်လည်း ထိုအပြစ်တရား ဆွဲဆောင်မှုအောက် ရောက်မသွားစေရန် သတိပြုရပါမည် (ဂလာ ၆:၁)။ ထို့ပြင် ကိုယ်နှင့်စပ်ဆိုင်သူများအား ချစ်သည်ဆိုရာ၌ မိမိကိုယ်ကိုလည်း ချစ်ရမည် (မ ၂၂:၃၉)။…

ရှေးဦးစွာ ဝတ်ပြုကိုးကွယ်ပါ

အရွယ်ရောက်ပြီးသူများအတွက် တည်မြဲသောခင်မင်ရင်းနှီးမှုကို တည်ဆောက်ပေးသည့် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုကို စတင်ရန် ကျွန်ုပ်၌ တစ်ခါမှ အစီစဥ်မရှိခဲ့ပါ။ ၎င်းကိုစတင်ရန် နှိုးဆော်ခြင်းခံရသည့်အခါ ထိုပရဟိတလုပ်ငန်းကို မည်သို့ငွေကြေးပံ့ပိုးမည်နည်း၊ မည်သူက ကျွန်ုပ်ကို ကူညီမည်နည်း စသည်ဖြင့် ကျွန်ုပ်၌ မေးခွန်းများစွာရှိခဲ့သည်။ ဤကိစ္စနှင့်စပ်လျဥ်း၍ ကျွန်ုပ်အတွက် အကြီးမားဆုံးအကူအညီကို စီးပွားရေးစာအုပ်မှမဟုတ်ဘဲ သမ္မာကျမ်းစာမှ ရရှိခဲ့သည်။

ဧဇရမှတ်စာသည် တစ်စုံတစ်ခုကို တည်ဆောက်ရန် ဘုရားသခင်နှိုးဆော်ခြင်းခံရသူတိုင်းအတွက် မရှိမဖြစ် ဖတ်ရန်လိုအပ်သည့် ကျမ်းစာဖြစ်သည်။ ထိုကျမ်း၌ တိုင်းတစ်ပါးသို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် ယုဒလူမျိုးများ ယေရုရှလင်မြို့ကို ပြည်လည် တည်ဆောက်ပုံ၊ ပြည်သားတို့၏ပေးလှူမှုနှင့် အုပ်ချုပ်သူတို့၏ထောက်ပံ့မှုဖြင့် ငွေဘဏ္ဍာများကို ဘုရားသခင် ပြင်ဆင်ပေးခဲ့ပုံ (ဧဇ ၁:၄-၁၁၊ ၆:၈-၁၀)၊ စေတနာ့ဝန်ထမ်းများနှင့် ဆောက်လုပ်သူများ မည်သို့အလုပ်လုပ်ဆောင်ခဲ့ပုံ (၁:၅၊ ၃:၇) စသည်တို့ကို ပြန်ပြောင်းပြောပြခဲ့သည်။ ယုဒလူမျိုးများပြန်လာပြီး နှစ်နှစ်ကြာသည့်တိုင်အောင် ပြန်လည်တည်ဆောက်ခြင်းမပြုဘဲ ပြင်ဆင်ချိန်၏ အရေးကြီးပုံကို ဖော်ပြသည်…

အနမ်းဖြင့် ဆုံးမသည်

George MacDonald (ဂျော့ မက်ဒေါ်နယ်)၏ ‘The Wise Woman’ ပုံပမာဝတ္ထုမှာ တစ်ကိုယ်ကောင်းစိတ် ကြောင့် လူအားလုံးကိုသာမက မိမိတို့ကိုယ်ကိုပါ ဒုက္ခရောက်စေသည့် မိန်းကလေးနှစ်ဦးအကြောင်းဖြစ်ပြီး၊ ပညာရှိအမျိုးသမီးတစ်ဦး သူတို့ထံရောက်လာမှ သူတို့ကို အမျိုးမျိုးစမ်းသပ်စစ်ဆေးကျော်လွှားစေပြီး “ချစ်ဖို့ကောင်းအောင်” ကူညီပေးခဲ့သည်။

စမ်းသပ်မှုတစ်ခုစီကိုကျရှုံးတိုင်း ထိုမိန်းကလေးများသည် အရှက်ရပြီး အထီးကျန်မှုကို ခံစားခဲ့ရသည်။ သူတို့ထဲမှ Rosamond (ရိုစမန်း)ဟု အမည်ရသည့်မိန်းကလေးက သူ့ကိုယ်သူ မပြောင်းလဲနိုင်ကြောင်း နောက်ဆုံးသဘောပေါက်ခဲ့သည်။ “အဒေါ် ကျွန်မကို မကူညီနိုင်ဘူးလား” ဟု ပညာရှိအမျိုးသမီးအား သူ မေးခဲ့သည်။ “သမီးအခု အဒေါ့်ဆီက အကူအညီတောင်းတော့ အဒေါ်ကူညီနိုင်မှာပါ”ဟု ထိုအမျိုးသမီး ပြန်ပြောခဲ့သည်။ ပညာရှိအမျိုးသမီး ယောင်ဆောင်ထားသော နတ်သမီး၏အကူအညီဖြင့် ရိုစမန်း စတင် ပြောင်းလဲလာခဲ့သည်။ ထို့နောက် သူမပြုလုပ်ခဲ့သည့် ပြဿနာဒုက္ခများအတွက် ခွင့်လွှတ်ပေးနိုင်မလားဟု မေးမြန်းခဲ့ရာ “သမီးကို အဒေါ် ခွင့်မလွှတ်ဘူး ဆိုရင် အဒေါ် သမီးကို…

ဝမ်းမြောက်ခြင်း မျက်ရည်များ

တစ်မနက်တွင် ပူပေါင်းများနှင့်စောင့်နေသည့် သူငယ်ချင်းအချို့ကို အိမ်မှထွက်လာသော Dean (ဒင်း) မြင်လိုက်ရသည်။ သူငယ်ချင်း Josh (ဂျော့ရှ်)က ရှေ့ထွက်ကာ ဒင်း အား စာအိတ်တစ်လုံးကို မပေးမီ “မင်းရဲ့ကဗျာတွေနဲ့ ပြိုင်ပွဲဝင်ပြိုင်ခဲ့တယ်”ဟု ပြောလိုက်၏။ စာအိတ်ထဲ၌ ပထမဆုဟု ရေးထားသောကတ်တစ်ခုပါပြီး မကြာမီပင် သူတို့အားလုံးသည် ဝမ်းမြောက်စွာငိုကြတော့သည်။ ဒင်း ၏စာရေးခြင်းပါရမီကို အတည်ပြုပေးခြင်းဖြင့် သူငယ်ချင်းများက နှစ်လိုဖွယ်သောအရာကို ပြုခဲ့ကြသည်။

ဝမ်းမြောက်၍ ငိုကြွေးခြင်းသည် ဝိရောဓိအတွေ့အကြုံဖြစ်သည်။ ပုံမှန်အားဖြင့် မျက်ရည်များသည် ပျော်ရွှင်မှုကို မဟုတ်ဘဲ နာကျင်မှုကို တုံ့ပြန်ခြင်းဖြစ်သည်။ ဝမ်းမြောက်ခြင်းကို ပုံမှန်အားဖြင့် မျက်ရည်များဖြင့် မဟုတ်ဘဲ ရယ်မောခြင်းဖြင့် ဖော်ပြသည်။ ကျွန်ုပ်တို့နက်ရှိုင်းစွာအချစ်ခံရကြောင်းခံစားရသည့်အခါ (သို့) အောင်မြင်မှုကြီး တစ်ခုကို ဆွတ်ခူးသည့်အခါကဲ့သို့သော ပုဂ္ဂိုလ်ရေးအရ နက်ရှိုင်းသည့်အဓိပ္ပာယ်ရှိသောအချိန်များတွင် ဝမ်းမြောက်၍ငိုတတ်ကြောင်း အီတလီ စိတ်ပညာရှင်များက သတိပြုမိခဲ့သည်။ သို့နှင့် သူတို့က ဝမ်းမြောက်ခြင်းမျက်ရည်များသည် ကျွန်ုပ်တို့ ဘဝများ၏ အနက်အဓိပ္ပာယ်များကို ဖော်ပြနေသည်ဟု ကောက်ချက်ချခဲ့သည်။

ရှင်ယေရှု ရောက်ရှိသည့်နေရာတိုင်း၌…

ကောင်းသောအရာငါးခု

သုတေသနပြုချက်များအရ မိမိတွင်ရှိသောအရာများအတွက် ကျေးဇူးတင်တတ်သူများသည် ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်ခြင်း၊ ဖျားနာသည့်လက္ခဏာများ မဆိုစလောက်သာရှိပြီး ပို၍ပျော်ရွှင်ရကြောင်း တွေ့ရသည်။ ထိုအရာများသည် ကြီးမားသော အကျိုးကျေးဇူးများ ဖြစ်သည်။ စိတ်ပညာရှင်တို့က ကျန်းမာရေးတိုးတက်ကောင်းမွန်စေရေး “ကျေးဇူးတင်ခြင်းနေ့စဉ်မှတ်တမ်း” ထားရှိရန် အကြံပြုထားပြီး၊ အပတ်စဥ် ကျွန်ုပ်တို့ ကျေးဇူးတင်သည့် အချက်ငါးချက်ကို ချရေးခိုင်းပါသည်။

သမ္မာကျမ်းစာတွင် ကျေးဇူးတင်ခြင်းအလေ့အကျင့်ကို အားပေးခဲ့သည်မှာ ကြာခဲ့ပါပြီ။ အစာရေစာနှင့် အိမ်ထောင်ရေးအတွက်မှသည် (၁ တိ ၄:၃-၅) မှ ဖန်ဆင်းခြင်း၏အလှများအထိ (ဆာ ၁၀၄)၊ ထိုအရာများကို ဆုကျေးဇူးများအဖြစ်မြင်ရန်နှင့် ပေးကမ်းသူဘုရားရှင်အား ကျေးဇူးတင်ရန် သမ္မာကျမ်းစာမှ ပြောထားသည်။ ဆာလံကျမ်း ၁၀၇ တွင် သဲကန္တာရမှ ကယ်တင်ခြင်း (:၄-၉)၊ သိမ်းသွားခြင်းမှ လွတ်မြောက်ခြင်း (:၁၀-၁၆)၊ အနာရောဂါပျောက်ကင်းခြင်း (:၁၈-၂၂)၊ ပင်လယ်၌ ဘေးကင်းခြင်း (:၂၃-၃၂)နှင့် ကျတ်တီးမြေ၌ ပေါကြွယ်ဝခြင်း (:၃၃-၄၂) စသည့် ဣသရေလ…

ဆာလံ ၇၂ မှ ခေါင်းဆောင်ကြီးများ

သူသည် ဂုဏ်သိက္ခာကင်းမဲ့စွာပြုမူသည်ဟု လူများစွာတို့ ခံစားရသောကြောင့် ဗြိတိန်ဝန်ကြီးချုပ်သည် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ရာထူးမှနှုတ်ထွက်ရန် တွန်းအားပေးခံရ၍ နှုတ်ထွက်ခဲ့သည်။ (အသစ်ခန့်အပ်ခြင်းခံရသော ဝန်ကြီးချုပ်သည်လည်း လအနည်းငယ်အတွင်း ရာထူးမှ နှုတ်ထွက်ခဲ့သည်)။ ထိုဖြစ်ရပ်သည် နှစ်ပတ်လည် ပါလီမန် နံနက်ခင်းဆုတောင်းစားသောက်ပွဲသို့ နိုင်ငံတော်၏ ကျန်းမာရေးဝန်ကြီး တက်ရောက်ခဲ့ပြီး၊ အများအမြင်တွင် မိမိ၌အပြစ်ရှိသည်ဟုခံစားရကာ မိမိဂုဏ်သိက္ခာအတွက်နှုတ်ထွက်ခဲ့ခြင်းမှ အစပြုခဲ့ခြင်းဖြစ်သည်။ အခြားသောဝန်ကြီးများလည်း တစ်ဦးပြီးတစ်ဦး နှုတ်ထွက်ကြသည့်အတွက် ဝန်ကြီးချုပ်သည်လည်း မိမိနှုတ်ထွက်သင့်ကြောင်းကို သတိထားမိသည်။ ဤမှတ်ကျောက်တင်ခဲ့သော ဖြစ်ရပ်သည် ငြိမ်းချမ်းစွာ တွေ့ဆုံဆုတောင်းပွဲမှ အစပျိုးခဲ့ခြင်းဖြစ်သည်။

ယုံကြည်သူ များသည် မိမိတို့၏ နိုင်ငံ့ခေါင်းဆောင်များအတွက် သတိရဆုတောင်းပေးရန် စေစားခံရပြီး (၁ တိ ၂:၁-၂)၊ ဆာလံကျမ်း ၇၂ သည် မိမိတို့ခေါင်းဆောင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများနှင့် ထိုတာဝန်များကို အောင်မြင်စွာလုပ်ဆောင်နိုင်ရေး ဆုတောင်းချက်တို့ ဖော်ပြပါရှိသည့် ကောင်းမွန်သောလမ်းညွှန် ဖြစ်သည်။ စံပြခေါင်းဆောင်ကို တရားမျှတပြီး…

ဖန်ဆင်းရှင်ကို သတိရပါ

သူမထံတွင် ကင်ဆာရောဂါဖြစ်နေသည်ကို လက်မခံသော အမျိုးသမီးတစ်ဦးအကြောင်း ဝတ္ထုတစ်ပုဒ်ကို မကြာမီက ကျွန်တော်ဖတ်ခဲ့ရသည်။ Nicola (နစ်ကိုလာ)၏ သူငယ်ချင်းများက ကရုဏာဒေါသဖြင့် သူမအား အမှန်တရားကို ရင်ဆိုင်ခိုင်းသောအခါ သူမ ထိုသို့ ရှောင်လွှဲရသည့်အကြောင်းပြချက် ပေါ်လာသည်။ “ကျွန်မဘဝကို ကျွန်မဖြုန်းခဲ့တယ်” ဟု သူမက ပြောသည်။ ပင်ကိုပါရမီများရှိ၍ ချမ်းသာ ကြွယ်ဝသော်လည်း  “ကျွန်မဘဝကို ကျွန်မအသုံးမချခဲ့ဘူး။ ကျွန်မက ပေါ့ပေါ့တန်တန် နေပြီး လက်ကြောလည်း မတင်းခဲ့ဘူး” ဟု သူဆိုသည်။ မဆိုစလောက်သောအောင်မြင်မှုဟု ခံစားရလျက်၊ ကမ္ဘာကြီးမှ ယခုထွက်သွားရတော့မည် ဟူသည့် အလားအလာက နစ်ကိုလာ အတွက် စဉ်းစားကြည့်ရန်မှာ အလွန်နာကျင်စရာပါ။

၎င်းနှင့်တစ်ချိန်တည်းခန့်တွင် ကျွန်တော် ဒေသနာကျမ်းဖတ်နေပြီး၊ သိသိသာသာ ဆန့်ကျင်နေသောအရာတစ်ခုကို တွေ့ခဲ့သည်။ ဒေသနာဆရာသည် ကျွန်တော်တို့ “ယခုသွား၍ ရောက်ရလ္တောအရပ် တည်းဟူသော မရဏနိုင်ငံ” (၉:၁၀) ဆိုသည့် သေခြင်းတရားကို ရှောင်လွှဲခွင့်…

နံရံပေါ်မှကောင်းကင်တမန်များ

Wallace (ဝေါလေ့စ်) နှင့် Mary Brown (မေရီဘရောင်း) တို့သည် အင်္ဂလန်နိုင်ငံ၊ ဘာမင်ဟန် (Birmingham)မြို့တော်၏ နုံချာဆင်းရဲသောဒေသရှိ ပြိုကွဲတော့မည့် အသင်းတော်တစ်ခုတွင် သင်းအုပ်လုပ်ရန် ရွှေ့ပြောင်းခဲ့စဉ် လူဆိုးဂိုဏ်းတစ်စုက ဘုရားကျောင်းနှင့် သင်းအုပ်အိမ်ကို သူတို့စည်းဝေးရာ ဌာနချုပ် လုပ်နေကြကြောင်း သူတို့နှစ်ဦးမသိခဲ့ကြပေ။ ဘရောင်း တို့မိသားစု၏ ပြတင်းပေါက်များ အုတ်ခဲနှင့် အပစ်ခံရသည်။ ခြံစည်းရိုးများ မီးရှို့ခံရပြီး၊ သူတို့၏ကလေးများ ခြိမ်းခြောက်ခံရသည်။ လနှင့်ချီ၍ ခြိမ်းခြောက်ခံရပြီး ရဲများလည်း ဘာမှမလုပ်နိုင်ခဲ့ပေ။

နေဟမိမှတ်စာတွင် ပြိုကျပျက်စီးနေသည့် ယေရုရှလင်မြို့ရိုးကို ဣသရေလ လူမျိုးများ မည်ကဲ့သို့ ပြန်လည်တည်ဆောက်သည်ကို ဖော်ပြထားသည်။ လက်ရှိနေထိုင်နေသူများက ပြဿနာရှာကာ အကြမ်းဖက်ခြိမ်းခြောက်လာသည့်အခါ ဣသရေလလူမျိုးတို့သည် “ဘုရားသခင်ကို ဆုတောင်း၍၊ ရန်သူကြောင့် နေ့ညဉ့်မပြတ် ကင်းစောင့် ထားကြ၏” (နေ ၄:၈-၉)။ ဤကျမ်းပိုဒ်အားဖြင့် ဘုရားသခင် သူတို့ကို လမ်းပြနေသည်ဟု ခံစားရသဖြင့် ဘရောင်း တို့မိသားစုနှင့် လူအချို့တို့သည် ဘုရားကျောင်းနံရံပတ်လည်…

ခရစ်တော်၌ နက်ရှိုင်းသော ခင်မင်မှု

အင်္ဂလန်နိုင်ငံ၊ ကန်းဘရစ်ချ်ရှိ Christ’s College (ခရစ်တော်၏ကောလိပ်) ဘုရားကျောင်းဆောင်တွင် (၁၇) ရာစုမှ သမားတော်နှစ်ဦးဖြစ်သည့် John Finch (ဂျွန်ဖင့်ချ်) နှင့် Thomas Baines (သောမတ်စ်ဘိန်းစ်) အတွက် ရည်စူးသည့် အထိမ်းအမှတ်ကျောက်တိုင်တစ်ခုရှိသည်။ “ခွဲမရသောသူငယ်ချင်းများ” ဟုလူသိများသော ဖင့်ချ် နှင့် ဘိန်းစ် သည် ဆေးသုတေသနတွင် ပူးပေါင်းလုပ်ဆောင်ပြီး၊ သံတမန်ခရီးစဉ်များတွင် အတူ ခရီးထွက်ခဲ့သည်။ ၁၆၈၀ ခုနှစ် တွင် ဘိန်းစ် သေဆုံးသွားသောအခါ  ဖင့်ချ် သည် သူတို့၏ (၃၆) နှစ်ကြာ “စိတ်ဝိညာဉ်များ၏ မပြိုကွဲသော ထိမ်းမြားပေါင်းစည်းခြင်း”အတွက် ဝမ်းနည်းမြည်တမ်းခဲ့သည်။ သူတို့၏ ဆက်ဆံရေး၌ ချစ်ခင်ရင်းနှီးမှု၊ သစ္စာစောင့်သိမှုနှင့် ကတိကဝတ်ပြုသော ခင်မင်မှုရှိသည်။

ဒါဝိဒ်မင်းကြီးနှင့် ယောနသန်တို့သည်လည်း ထိုကဲ့သို့ ခင်မင်ရင်းနှီးခဲ့ကြသည်။ နက်ရှိုင်းသော ချစ်ခင်မှုကို မျှဝေခဲ့ကြသည် (၁ ရာ ၂၀:၄၁)၊ အချင်းချင်း ကတိသစ္စာပြုခဲ့ကြသည် (:၈–၁၇၊…

သခင်ယေရှုအတွက် အခြားသူများကို အစေခံခြင်း

ရုပ်ရှင်မင်းသမီး Nichelle Nichols (နီရှဲလ်နီကိုးလ်စ်)သည် ‘Star Trek’ ရုပ်ရှင်စီးရီးတွင် ဗိုလ်ကြီး Uhura (အဟုရာ) အဖြစ် သရုပ်ဆောင်ရာမှ နာမည်ကြီးလာခဲ့သည်။ ထိုဇာတ်ကောင်သည် နီကိုးလ်စ် အတွက် ကိုယ်ပိုင်အောင်မြင်မှုဖြစ်ကာ နာမည်ကြီး တီဗီရှိုး၏ ပထမဆုံးသော အာဖရိကန်-အမေရိကန် အမျိုးသမီးများအနက် တစ်ဦးဖြစ်စေခဲ့သည်။ သို့သော် သာ၍ကြီးမားသော အောင်မြင်မှုက သူ့ထံရောက်လာဦးမည်။

စင်စစ် နီကိုးလ်စ် သည် သူမ၏ ပြဇာတ်အလုပ်ကို အာရုံစိုက်ရန် ‘Star Trek’ ပထမတွဲပြီးသည်နှင့် နှုတ်ထွက်ခဲ့သည်။သို့သော် Martin Luther King Jr. (မာတင်လူသာကင်းဂျူနီယာ)နှင့် သူမတွေ့ခဲ့ပြီး ကင်းက သူမအား မနှုတ်ထွက်ရန် တိုက်တွန်းခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် အာဖရိကန်-အမေရိကန်လူမျိုးများအား အာကာသသို့ပင် ရောက်နိုင်သည့်၊ ဘာမဆိုလုပ်နိုင်သည့် ထက်မြက်သောလူမျိုးများအဖြစ် တီဗီတွင် လူတို့တွေ့ရသောကြောင့်ဟု သူပြောခဲ့သည်။ ဗိုလ်ကြီး အဟုရာအဖြစ် သရုပ်ဆောင်ခြင်းသည် နီကိုးလ်စ် အတွက် သာ၍ကြီးသော အောင်မြင်မှုကို ရရှိစေပြီး…